DON'T MISS
THE MOMENT.
Discover what's happening
across our seven destinations.

အသည်းကွဲခြင်း
အသည်းကွဲတယ်ဆိုတာ ရိုးရိုးသာမန် ခံစားချက်တစ်ခုမဟုတ်ဘဲ သေချာလေး အကွက်ချပြီး လွမ်းတတ်မှ အရသာရှိတဲ့ အနုပညာတစ်ရပ်ပါပဲ။ ❤️🩹✨ ပါးစပ်ကသာ “မေ့သွားပါပြီ၊ အေးဆေးပါ” လို့ မာန်တင်းထားပေမယ့် အရည်လေးနှစ်ခွက်လောက် ဝင်သွားရင်တော့ အတိတ်က အမှတ်တရတွေပြန်ပေါ်လာတတ်တာက သဘာဝပါပဲ။ 😂💔 အဲဒီလို ရင်ဘတ်ထဲက ဒဏ်ရာဟောင်းလေးတွေကို 🎼သံစဉ်တွေနဲ့ အလှဆင်ဖို့ လာမယ့် November 13 ရက်နေ့ကျရင် ပါကြီး – သာကေတမှာ “အသည်းကွဲခြင်း အနုပညာ” ဆိုတဲ့ ညလေးတစ်ည ရှိပါတယ်။ ပရိတ်သက်တွေအကြိုက် ရင်ထဲထိစေတဲ့ သီချင်းတွေနဲ့ အမြဲဖမ်းစားတတ်တဲ့ ဂျိုးလေး နဲ့ သိပ္ပံထွန်း တို့နှစ်ယောက်အပြင် New Diary Music Band ရဲ့ တီးခတ်မှုတွေပါ ပေါင်းစပ်မှာဆိုတော့ အလွမ်းသီချင်းတွေကို သံပြိုင်အော်ဆိုရင်း ရင်ဖွင့်လို့အကောင်းဆုံး ညတစ်ည ဖြစ်လာမှာ သေချာပါတယ်။ 🎤✨ အမှတ်တရတွေကို ပြန်တွေးရင်း 😮💨ခံစားချက်အပြည့်နဲ့ Feelချင်တဲ့သူတွေရော၊ 🤧အသည်းကွဲနေတဲ့ ဘော်ဒါကို ဘေးကနေ လိုက်ချော့ရင်း ပျော်ချင်တဲ့သူတွေပါ အကုန်လုံး အကြိုက်တွေ့စေမယ့် ပွဲလေးမို့ ဝိုင်းကောင်းကောင်းလေး ရဖို့ အခုတည်းက ကြိုတင် Booking တင်ထားနိုင်ပါပြီဗျို့ ❤️🩹🥀